ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအုပ်စုနဲ့ လယ်လှကျေးရွာအုပ်စုအနီးတဝိုက်ရှိ ကျွန်းသစ်တွေနဲ့ အခြား သစ်မာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ခုတ်ယူနေတဲ့အပြင် ဒေသခံတွေရဲ့ ပုဂ္ဂလိကကျွန်းခင်းတွေက ကျွန်းပင်တွေကိုပါ မျောတိုင်အဖြစ် ခုတ်ယူနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါသည်။ဒေသတွင်းမှာ အလေ့ကျပေါက်တဲ့ သစ်မာတွေ၊ ဝါးတွေကို အိမ်သုံးထင်းအဖြစ် ခုတ်ယူရောင်းချနေကြတဲ့အပြင် ကျောက်တော်၊ စစ်တွေ ဘက်တွေကိုလည်း ပို့ဆောင် ရောင်းချနေကြတယ်လို့သိရပါသည်။



