၁။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယာယီနေရပ်စွန့်ခွါပြည်သူများကို အစားအစာ ထုတ်ယူခွင့်လက်မှတ် (ဘောက်ချာ)ထောက်ပံ့ခြင်း (Voucher for Food) အစီအစဉ်လုပ်ငန်းများအား အမြန်ဝယ်ယူခြင်းဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံများ ထုတ်ယူရမည့်နေ့ရက်နှင့်အချိန် ၆-၃-၂၀၂၅ (ရုံးချိန်အတွင်း)တင်ဒါပုံစံများနောက်ဆုံးတင်သွင်းရမည့်နေ့ရက်နှင့်အချိန် ၁၀-၃-၂၀၂၅ (ရုံးချိန်အတွင်း) တင်ဒါပုံစံများ ထုတ်ယူရမည့်နေရာ (က) မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်ရုံး)အမှတ်-၄၂၊ ကမ်းနားလမ်း၊ ၄-လွှာ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ဖုန်းနံပါတ် - ၀၉ ၈၉၅၃၈၅၇၇၀၊ ၀၁၈၃၉၂၈~၃၀(ခ)ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၊အမှတ်-၃၅၃(ခ)၊ ဘန်ကောလမ်း၊ပြည်တော်သာရပ်ကွက်၊ဟားခါးမြို့၊ ချင်းပြည်နယ်။ဖုန်းနံပါတ် - ၀၉ ၄၀၀၃၀၅၂၈၀ ၃။ တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့် လုပ်ငန်းအသေးစိတ် အချက်အလက်များအား သိရှိလိုပါက အထက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။



