ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် တွင်းသင်းတိုက်ဝန် ဦးထွန်းညိုမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၁၀၀၀) ခန့်နဲ့ လုပ်ငန်းလည်ပတ်နေသော တရုတ်နိုင်ငံသားပိုင် Co,LTD မှာ ရန်ကုန်နဲ့ ပုသိမ် စက်ရုံနှစ်ရုံစာအတွက် အလုပ်သမား တွေကို တစ်လလုံး ပိတ်ရက် မပေးဘဲ ခိုင်းစေနေတယ်လို့ စက်ရုံအလုပ်သမားတွေထံမှ သိရပါသည်။“အလုပ်ချိန် မနက် (၇) ခွဲကနေ ညနေ (၇)နာရီအထိပါ။ လစာကတော့ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၈၅၀၀)ကျပ်၊ အချိန်ပိုအိုတီကြေး (၁၇၀၀) ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀) ကျပ် ပေးထားပါတယ်။ စက်ရုံမှာက တစ် လလုံး ပိတ်ရက်မရှိပါဘူး။ တနင်္ဂနွေ ၄ ပတ်ရှိရင် လေးပတ်လုံး ခိုင်းပါတယ်။ အလုပ်သမားရုံးကိုတိုင်လို့ လာစစ် ရင်လည်း မန်နေဂျာက အလုပ်သားတွေကို ထိုးခိုင်းထားတဲ့ အချိန်ပိုအိုတီလက်မှတ်တွေကိုပြပြီး ဖြေရှင်းပါတယ်။ အမှန်က လက်မှတ်က တစ်ခါလောက် ထိုးခိုင်းတာပါ။ ဒါပေမယ့် အလုပ်သမားတွေ သဘောတူလို့ ခေါ်တာပါဆိုတဲ့ ပုံစံနဲ့ ဖြေရှင်းတာပါ။ အလုပ်သမားတွေကိုလည်း စက်ရုံနှစ်ရုံစာ ခိုင်းပါတယ်။ စက်ရုံခွဲက ပုသိမ်မှာ ရှိတာပါ။ ပုသိမ် စက်ရုံကအထည်တွေကို နေ့တိုင်းကားနဲ့လာပို့ပြီး ချုပ်ခိုင်းပါတယ်။ တနင်္ဂနွေနေ့တိုင်းလည်း အပတ်တိုင်း ဆင်းရ ပါတယ်။ အချိန်ပိုအိုတီမဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်က ဖိအားပေးတာတို့၊ အငြိုးအတေးထားတာ တို့ လုပ်ပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါသည်။



