၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ပြည်ပသို့အလုပ်သမားစေလွှတ်သည့် စေလွှတ်လချုပ်စာရင်းပေးပို့ရန် ကျန်ရှိသည့် အေဂျင်စီ (၅၅)ခုကို အချိန်မီ လာရောက်ပေးပို့ရန် အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။ယခင်က စာရင်းပေးပို့ရန်ပျက်ကွက်သည့် အေဂျင်စီများကို ဒဏ်ကြေးကောက်သည့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ကိုပါ ဆိုင်းငံ့သည်အထိ အရေးယူမှုများရှိခဲ့ပြီး လက်ရှိတွင်လည်းအေဂျင်စီအချို့သည့် မူဝါဒအပြောင်းအလဲများကြော င့် ပြည်ပသို့ အလုပ်သမား မစေလွှတ်နိုင်ကြောင်းလည်း သိရသည်။ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်အတွက် အေဂျင်စီ (၆၀၀)ကျော် အကျိုးဆောင်လိုင်စင် ရယူထားကြောင်း သိရသ ည်။



