မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဗိဿနိုးနယ်မြေ၊ ရွှေရောင်တော်စေတီအနီး၊ ကနီကျေးရွာတွင် သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီး တည်ဆောက်ပေးနေပြီး လာမည့်တပေါင်းလပြည့်နေ့(မတ်၁၃ရက်)တွင် ဖွင့်လှစ်မည့် ယင်းချောင်းကူး ပေ ၂၇၀ အရှည်ရှိ ဗိဿနိုး သစ္စာပေါင်းကူး တံတား၏ ယနေ့မတ်၅ရက် ညမီးအလှမြင်ကွင်းများဖြစ်သည်။တပေါင်းလပြည့်နေ့တွင် သဲဖြူဆရာတော်ကြီးနှင့် ပင့်သံဃာ အပါး ၅၀၀ကို ဆန်ဆွမ်းစိမ်း လှူဖွယ်ပစ္စည်းများ လောင်းလှူပါမည် ။ ထို့ပြင် တံတားဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကနီကျေးရွာ တံတားကြီးအနီးရှိ စတုဒိသာမဏ္ဍပ်၌ မတ်၁၁ရက်မှ မတ်၁၃ရက်အထိ ၃ ရက်တိုင်တိုင် စတုဒိသာ ထမင်းဟင်း အာဟာရဒါန လှူဒါန်းမည်ဖြစ်ကြောင်း သိရပါသည်။



