ရန်ကုန်မြို့ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ် YWCA ခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံး၏ ကူညီထောက်ပံ့မှုဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် " Women in Cities " ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ "Women in Cities - မြို့ပြနေ အမျိုးသမီးများ" အစီအစဉ်မှာ “Women Thriving Across Diverse Indus tries” အမည်ရ စကားဝိုင်းပါဝင်မည်ဖြစ်ပြီး ယင်းစကားဝိုင်းတွင် နယ်ပယ်အသီးသီးမှ အမျိုးသမီးများ အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်ကိုယ်စီတွင် ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့်အတူ အမျိုးသမီးများအတွက် ခွန်အားဖြစ်စေမည့် အသိအမြင်များကိုပါ မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် အမျိုးသမီးများဦးစီးသည့် လုပ်ငန်းငယ်များက ထုတ်ကုန်များကို ဝယ်ယူအားပေးနိုင်မည့် Pop-up Market အပါအဝင် ဉာဏ်စမ်းမေးခွန်းများဖြေဆိုပြီး အမှတ်တရ ဆုလက်ဆောင်များ ရယူနိုင်မည့် အစီအစဉ်များ အစရှိသည်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။



