မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ပထမအသုတ်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ရု ရှားသို့စေလွှတ်သွားမည်ဖြစ်ကြောင်း အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။ရုရှားနိုင်ငံ၏ ကုန်ထုတ်စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် လုပ်ကိုင်ရမည်ဖြစ်ပြီး ယင်းအတွက် အလုပ် ကမ်းလှမ်းစာများကို ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ ပထမအသုတ်အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀,၀၀၀ ခန့် စေလွှတ်မည်ဖြစ်ကြောင်းနှင့် သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားများသည် အေဂျင်စီဝန်ဆောင်ခ သို့မဟုတ် အခြားကုန်ကျစရိတ်များ ပေးဆောင်စရာမလိုကြောင်း သိရသည်။



