ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် လားရှိုးမြို့အတွင်းရှိ ကုန်စုံဆိုင်အမျိုးမျိုး၊ ဟိုတယ်(Hotel) နှင့် KTV စသည့် ဆိုင်ခန်းနှင့် လုပ်ငန်းအမျိုးမျိုးကို အခွန်ကောက်သွားမည်ဟု ထုတ်ပြန်လာသည်။ မြို့ပေါ်တွင် ဖွင့်ထားသည့် အလှပြင်ဆိုင် ၊ KTV ၊ Hotel တို့သည် အခွန်အခများကို လစဉ်ပေးဆောင်ရမည် ဖြစ်ပြီး အခြားသော ဆိုင်ခန်းနှင့် ကုန်စုံဆိုင်များသည် အခွန်အခကို ၁ နှစ် တစ်ကြိမ် ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခင်လများတွင် အခွန်ပေးဆောင်ထားသည့် ဒေသခံများကိုလည်း လာမည့် ဇွန်လတွင် အခွန်အခဈေးနှုန်းအသစ် ပြန်လည်သတ်မှတ်မည့်ဖြစ်သည့်အတွက် ပြန်လည် သတ်မှတ်သည့် ဈေးနှုန်းအတိုင်း အခွန်အခများကို ပေးဆောင်ရမည်ဟု ဆိုသည်။



