back

ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ

Mar 05 • 11:25 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ

အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ Oce...


အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ Ocean စျေးဝယ်စင်တာ ခန်းမ၌ယ‌နေ့ ကျင်းပခဲ့‌ကြောင်းသိရသည်။ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Ocean စျေးဝယ်စင်တာရှိ ဆိုင်ခန်းပေါင်း(၃၂)ခန်းတို့တွင် အစားအသောက် ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask Cap ၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။




news-view-count-icon

20