back

လားရှိုးမြို့မန်ဆူဘုရားတပေါင်းပွဲတွင်လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်

Mar 05 • 11:15 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးမြို့မန်ဆူဘုရားတပေါင်းပွဲတွင်လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်ဆူဘုရားဝန်းအတွင်း ကျင်းပသည့် တပေါင်းပွဲတွင် လောင်းကစားဝိုင်းများကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၅)ရက်နေတွင် စတင်ဖွင့်နေသည်ဟု...


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်ဆူဘုရားဝန်းအတွင်း ကျင်းပသည့် တပေါင်းပွဲတွင် လောင်းကစားဝိုင်းများကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၅)ရက်နေတွင် စတင်ဖွင့်နေသည်ဟု ဒေသခံများထံမှ သိရသည်။တပေါင်းပွဲတော်ကို လားရှိုးမြို့ မန်ဆူဘုရားဝန်းအတွင်း ၂၀၂၅ခုနှစ် မတ်လ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ လောင်းကစားဝိုင်းများအား ဆိုင်ခန်းတစ်ခုလျှင် ငွေကျပ်(၁)သိန်း အခွန်ဆောင်၍ ယနေ့ မတ်လ (၅)ရက်နေ့မှ စတင်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု သိရသည်။ငမန်းစက်၊ ခြောက်ကောင်ဂျင်၊ ညိုညို၊ ရှမ်းကိုးမီး၊ ပေါက်စီနှင့် ဖဲဝိုင်းများကိုပါ ခွင့်ပြုထားသည်ဟု သိရသည်။ တပေါင်းဘုရားပွဲမှာ နှစ်စဥ်ကျင်းပနေသည့် ဗုဒ္ဓပူစနိယပူဇော်ပွဲဖြစ်ပြီး တပေါင်းလပြည့် နံနက်ပိုင်းတွင် သံဃာတော် အပါး(၃၀၀)ကို ဆွမ်းလောင်းကပ်လှူခြင်းလည်းဖြစ်သည်ဟု သိရသည်။



news-view-count-icon

25