back

ထားဝယ်မြို့တွင် ပုဂ္ဂလိက ဆေးရုံ သုံးရုံဆက်တိုက်ပိတ်ထား

Mar 05 • 11:13 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်မြို့တွင် ပုဂ္ဂလိက ဆေးရုံ သုံးရုံဆက်တိုက်ပိတ်ထား

ထားဝယ်မြို့တွင် ပုဂ္ဂလိကဆေးရုံ သုံးရုံ ပိတ်ထားရကြောင်း ဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ထားဝယ်မြို့သစ် (၄) လမ်းတွင် ဖွင့်လှစ်ထားသည့် ဆာဒိုဝါးဆေးရု...


ထားဝယ်မြို့တွင် ပုဂ္ဂလိကဆေးရုံ သုံးရုံ ပိတ်ထားရကြောင်း ဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ထားဝယ်မြို့သစ် (၄) လမ်းတွင် ဖွင့်လှစ်ထားသည့် ဆာဒိုဝါးဆေးရုံ၊ အေး ဆေးရုံနှင့် ကမြောကင်းလမ်းတွင် ဖွင့်လှစ်ထားသည့် မယ်ဒီလန်းဆေးရုံတို့ ပိတ်ထားခြင်းဖြစ်သည်။အနည်းဆုံး နှစ်လမှ ရက်အကန့်အသတ် မရှိ ပိတ်ဖွယ်ရှိကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။ဆာဒိုဝါးဆေးရုံသည် မတ်လ ၁ရက်ကစ၍ ပြင်ပလူနာ၊ အတွင်းလူနာ လက်ခံကုသခြင်းကို ရပ်နားထားပြီး ပြန်လည် ဖွင့်လှစ်မည့် နေ့ရက်ကိုမူ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။အေး ဆေးရုံတွင် ဆေးရုံအတွင်း ပြင်ဆင်ဆောင်ရွက် ခြင်းများကြောင့် လူနာလက်မခံသေးကြောင်း ကြေညာထားသည်။ထို့အတူ မယ်ဒီလန်း ဆေးရုံတွင်လည်း ဆေးရုံအတွင်း ပြင်ဆင်မွမ်းမံမည်ဟုဆိုကာ မတ်လ ၁ ရက်ကစ၍ လူနာလက်ခံကုသခြင်းများကို ရပ်နားထားသည်။




news-view-count-icon

23