back

မန္တလေး ကျောက်တော်ကြီးဘုရားအနီး ဇရပ်ဆောက်ဖို့အတွက် အိမ်ခြေ ၂၀ ကျော်ကို ဖျက်ခိုင်း

Mar 05 • 11:29 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး ကျောက်တော်ကြီးဘုရားအနီး ဇရပ်ဆောက်ဖို့အတွက် အိမ်ခြေ ၂၀ ကျော်ကို ဖျက်ခိုင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ၊ ကျောက်တော်ကြီးဘုရားအနီး၊ သုဓမ္မာဇရပ်တွေ ဆောက်လုပ်မှာမို့ နေအိမ် ၂၀ ကျော်ကို ယခု မတ်လ ၂၁ရက် နောက်ဆုံးထားကာ အ...


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ၊ ကျောက်တော်ကြီးဘုရားအနီး၊ သုဓမ္မာဇရပ်တွေ ဆောက်လုပ်မှာမို့ နေအိမ် ၂၀ ကျော်ကို ယခု မတ်လ ၂၁ရက် နောက်ဆုံးထားကာ အပြီးဖျက်သိမ်း ပြောင်းရွှေ့ဖို့ ဘုရားဂေါပကမှခေါ်ယူ ပြောဆိုတယ်လို့သိရပါသည်။ကျောက်တော်ကြီးဘုရား အနောက်ဘက်မှာ သုဓမ္မာဇရပ်တွေ ဆောက်လုပ်မှာ ဖြစ်ပြီး ဇရပ်ဆောက်မယ့် နေရာနဲ့ မလွတ်ကင်းလို့ ဆိုကာ ၆၈လမ်း၊ ကျုံးဘေး ၁၂လမ်းနဲ့ ၁၀လမ်းကြားက အိမ်ခြေ ၂၀ ကျော်ကို မတ်လ ၂၁ရက် နောက်ဆုံးထားကာ ဖျက်သိမ်း ရွှေ့ပြောင်းဖို့ ဘုရားဂေါပက ဒေသခံတွေကို ကျောက်တော်ကြီးဘုရားထဲ ခေါ်ယူတွေ့ဆုံ ပြောကြားတယ်လို့သိရပါသည်။



news-view-count-icon

37