တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်း သည် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီလ ၁၆ရက်နေ့ နံနက် ၁ နာရီအချိန် ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး၊ ရန်ကုန် - မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉)တွင် သတင်းရရှိထားသည့် ALPHARD ယာဉ်နှင့်အတူ နေမျိုးထက် အားဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ရန်ကုန် - မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉/၄)အနီးရှိ ယာဉ်ရပ်နားဝင်းတွင် ရပ်တန့်ထားသည့် ALPHARD မော်တော်ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၄၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဝမ်ဟိုင်းမှ ရန်ကုန်မြို့သို့ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုအား ငွေကျပ်သိန်း ၁၀၅၀ ဖြင့် တာဝန်ခံသယ်ဆောင်ခဲ့သူ ဇော်မြတ်ထွန်း၊ ကျော်သူရစိုး၊ ကျော်သူဝင်း နှင့် စိုင်းအောင်သူရတင် တို့အား မင်္ဂလာဒုံမြို့နယ်တွင် WISH မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
Mar 05 • 1:27 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 24 | 0 | 0 | 0 |


