back

ရှမ်းပြည်နယ်တွင် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ တုံးဖမ်းမိခဲ့

Mar 05 • 1:43 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တွင် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ တုံးဖမ်းမိခဲ့

ရန်ကုန်မှ မြဝတီသို့ ပို့ဆောင်မည့် အိုက်စ် ၂၆၀ ကီလိုနှင့် ဘိန်းဖြူ ဘလောက်တုံး ၁၆၈ ကီလိုအား လက်ခံထားရှိသူ အောင်ဇော်ဝင်း အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်...

ရန်ကုန်မှ မြဝတီသို့ ပို့ဆောင်မည့် အိုက်စ် ၂၆၀ ကီလိုနှင့် ဘိန်းဖြူ ဘလောက်တုံး ၁၆၈ ကီလိုအား လက်ခံထားရှိသူ အောင်ဇော်ဝင်း အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ကားဝင်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကာ မိတ္ထီလာမှ အမြန်လမ်း(၃၉)မိုင်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သူ သူရိန်ထွန်း(ခ)သူရထွန်း အား ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ထက်နိုင်(ခ)ကိုကိုဝင်းသူ အား ရပ်စောက်မြို့တွင်လည်းကောင်း၊ ရဲမြင့်သိန်း အား အောင်ပန်းမြို့တွင်လည်းကောင်း၊ အမြန်လမ်း(၃၉)မိုင်မှ ရန်ကုန်မြို့၊ အမှတ်(၇)လမ်းမကြီးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးသူ ကိုကိုဝင်း အား ရေတာရှည်မြို့နယ်တွင် TOYOTA CROWN မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ရန်ကုန်မှ မြဝတီသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်သူ ရင်ပိုက်ဦး(ခ)ရန်ပိုင်(ခ)လွှမ်းပိုင် အား ပုသိမ်မြို့၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများသယ်ဆောင်ခဲ့သည့် Grand Tiger Double Cab ယာဉ်အား မိတ္ထီလာမြို့နယ်၊ အိုင့်ကျေးရွာတွင်လည်းကောင်း၊ TOYOTA HILUX SURF မော်တော်ယာဉ်အား မရမ်းကုန်းမြို့နယ်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ တုံး၊ အလေးချိန် ၁၆၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပါတယ်။



news-view-count-icon

28