မြန်မာပြည်တွင်းတွင်အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးနှိုးဆော်လျက်ရှိသလိုဖျားခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့်အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြသရန် တိုက်တွန်းထားပြီး မြို့နယ်အချို့တွင်လည်း အသည်းရောင်အသားဝါ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရပါတယ်။ရောဂါဖြစ်ပွားသူလူနာများ အရေပြားနှင့် မျက်သားဝါပြီးနောက် ၁၀ ရက်ကြာသည်အထိ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် ၁၀ ရက်ကြာသည်အထိ အစားအသောက်ကိုင်တွယ်ရောင်းချခြင်းကို ရပ်နားထားရန်လည်း အသိပေးထားပါတယ်။
Mar 05 • 1:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


