back

ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မြူထူထပ်ကျဆင်းတာတွေဖြစ်လာနိုင်၍ ပို့ဆောင်ဆက်သွယ်ရေးယာဉ်များသတိပြုရန်လို

Mar 05 • 1:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မြူထူထပ်ကျဆင်းတာတွေဖြစ်လာနိုင်၍ ပို့ဆောင်ဆက်သွယ်ရေးယာဉ်များသတိပြုရန်လို

လာမည့် မတ်လ၆ ရက်မှာ ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မြူထူထပ်ကျဆင်းတာတွေဖြစ်လာနိုင်ကာမတ် ၆ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရ...

လာမည့် မတ်လ၆ ရက်မှာ ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မြူထူထပ်ကျဆင်းတာတွေဖြစ်လာနိုင်ကာမတ် ၆ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ် စတဲ့ ပြည်နယ်တိုင်းတွေမှာ မြူထု၊ထူထပ်ကျဆင်းနိုင်၍အပူချိန် နဲ့ ငွေ့ရည်ဖွဲ့အမှတ်တွေ ထပ်တူညီနေပြီး၊ တိမ်အနိမ့်တွေလည်းဖြစ်ထွန်းလာနိုင်တာကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာမြူထု၊ထူထပ်စွာကျဆင်းလာနိုင်တာကို ခန့်မှန်းရပါတယ်လို့ " ဦးဝင်းနိုင်ကပြောပါတယ်။မြူဆိုင်းတာဟာ မနက်အစောပိုင်း ၃ နာရီခန့် ကနေစတင်ပြီး မနက် ၈ နာရီကျော်တဲ့ထိ ဖြစ်ပေါ်နေနိုင်ကာအခုလို မြူဆိုင်းတာကြောင့် အမြင်အားကျဆင်းပြီး ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းခရီးတွေ အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ရာသီဥတုအခြေအနေတွေကိုဖြစ်ပေါ်စေနိုင်တယ်လို့သိရပါတယ်။



news-view-count-icon

25