သရုပ်ဆောင် နော်ဖောအယ်ထားဟာ သူမရဲ့မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာတွေအများကြီးရခဲ့ကာရှေ့ဆက်ပြီးလည်း အကောင်းဆုံးကြိုးစားနေထိုင်သွားမယ်လို့ ပရိသတ်ကိုကတိပေးလိုက်ပါသေးတယ်။ အထူးသဖြင့် သူမကိုချစ်ခင်တဲ့ ပရိသတ်၊ သူမကိုအားပေးလျက်ရှိတဲ့ ပရိသတ်တွေရဲ့ တောက်လျှောက်အားပေးစာတွေကြောင့် ခွန်အားတွေလည်း ရခဲ့တာဖြစ်ပြီး ဒီလိုအဖြစ်အပျက်တွေဖြစ်ခဲ့ပြီးနောက်မှာတော့ သူမကိုသူမပိုပြီး ချစ်တတ်လာခဲ့တယ်လို့ဆိုပါတယ်။ ရှေ့ဆက်ပြီးလည်း အများကြီးကြိုးစားသွားမယ့်အကြောင်းနဲ့ ပရိသတ်တွေကသာ နံပါတ် တစ်ဖြစ်တယ်လို့ သူက သူမရဲ့ဆိုရှယ်မီဒီယာမှတစ်ဆင့်ပရိသတ်ထံတောင်းပန်စကားဆိုလိုက်တာလည်းဖြစ်ပါတယ်။



