မတ်လ ၄ ရက် မွန်းလွဲပိုင်းတွင် ကီလီဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗာန်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၁၂ ဦးအနက် ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးပျောက်ဆုံးနေကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။ ဆိပ်ကြီးခနောင်တိုဘက်မှ ကီလီဆိပ်ကမ်းသို့ လာစဉ် သမ္ဗာန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူကို မီးသတ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအဖွဲ့များက ရှာဖွေနေကြောင်း သိရသည်။



