မတ်လ ၅ ရက် နံနက် ၅:၂၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အနောက်ဘက် ၁၉ မိုင်အကွာ၊ အိမ်မဲမြို့တောင်ဘက် ရွှေတလောင်းအနီး မြေအောက်အနက် ၆ မိုင်၌ မဂ္ဂနီကျု ၃.၅ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းအတွင်း ၆ ကြိမ်မြောက်လှုပ်ခတ်ခြင်းဖြစ်သည်။



