လျှပ်စစ်ကားများ ပြန်လည်ရောင်းချလာခြင်းကြောင့် ရန်ကုန်ကားစျေးကွက်အတွင်း လောင်စာသုံးကားများ ပိုမိုသွက်လက်လာသော်လည်း ခေါ်စျေးများမြင့်မားနေခြင်းကြောင့် အရောင်းအဝယ်အေးနေကြောင်း ကားဝယ်ရောင်းများက ပြောကြားသည်။ လျှပ်စစ်မီးရရှိမှု မမှန်ကန်ခြင်းကြောင့် လျှပ်စစ်ကားများ ပြန်လည်ရောင်းချလာသော်လည်း ဈေးနှုန်းမြင့်မားနေပြီး ဆီကားစျေးနှုန်းများလည်း မြင့်တက်နေခြင်းကြောင့် ဝယ်သူရော ရောင်းသူပါ ညှိနှိုင်းရခက်ခဲနေကြောင်း သိရသည်။ လက်ရှိတွင် ဂျပန်တစ်ပတ်ရစ် ညာမောင်းကားများနှင့် ကားဟောင်းများသာ အရောင်းအဝယ်ဖြစ်နေပြီး လျှပ်စစ်ကားများမှာ မီးမှန်မှသာ အရောင်းအဝယ်ပြန်ဖြစ်နိုင်ကြောင်း ဆိုသည်။



