back

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်တွင် အထက်တန်းကျောင်းသား၏ ဆိုင်ကယ်ကို ဝန်ထမ်းအယောင်ဆောင် လုယက်ခံရ

Mar 04 • 7:12 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်တွင် အထက်တန်းကျောင်းသား၏ ဆိုင်ကယ်ကို ဝန်ထမ်းအယောင်ဆောင် လုယက်ခံရ

ဖေဖော်ဝါရီ ၂၈ရက်နေ့ ည ၈နာရီကျော်ခန့်တွင်ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ပေါ်ယခင် ရွှေမဟာ Quarantine Center အကျော် ပတ်လမ်း၌ဝန်ထမ်းအယောင်ဆောင်ပြီး ကျောင်းသားလ...

ဖေဖော်ဝါရီ ၂၈ရက်နေ့ ည ၈နာရီကျော်ခန့်တွင်ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ပေါ်ယခင် ရွှေမဟာ Quarantine Center အကျော် ပတ်လမ်း၌ဝန်ထမ်းအယောင်ဆောင်ပြီး ကျောင်းသားလူငယ်တစ်ဦးထံမှ ဆိုင်ကယ် လုယက်ခံရခြင်းဖြစ်ပြီး လုယက်ခံရသည့်ဆိုင်ကယ်မှာ 2024 Honda Wave-i ဖြူနီစပ်ကြားအရောင်ရှိ ဆိုင်ကယ်ဖြစ်ကြောင်း၊ ဆိုင်ကယ်စီးလာသည့် ကျောင်းသားလူငယ်ထံမှ လူ ၂ဦးက ဝန်ထမ်းအယောင်ဆောင်ကာ စစ်ဆေးမည်ဟု တားဆီးပြီး လုယက်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။လက်ရှိမိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် KTV များကြောင့် ဒေသခံများ အထူးသဖြင့် ကျောင်းသားလူငယ်၊ အမျိုးသမီးငယ်များ ပျက်စီးမည်ကို မိဘမိသားစုများက စိုးရိမ်ကြောင့်ကြနေရသည့် အခြေအနေရှိနေသည့်ကြားမှ ယခုလို တာဝန်ရှိသူယောင်ဆောင်သည့် ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


news-view-count-icon

15