ထိုင်းနိုင်ငံမှာ ဈေးရောင်းတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီမြို့က မြန်မာပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို ထိုင်းအာဏာပိုင်တွေက မတ်လ ၃ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။စူရတ်ဌာနီမြို့၊ ခုန်ထလေးဒေသရှိ ကုန်စုံဆိုင်တစ်ဆိုင်မှာ မြန်မာနိုင်ငံက တရားမဝင် တင်သွင်းထားတဲ့ ကုန်ပစ္စည်းတွေ ရောင်းချနေတာကို တိုင်ကြားချက်ရရှိလို့ အကောက်ခွန်၊ ပြည်သူ့ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့.တွေက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ရာမြန်မာနိုင်ငံက တရားမဝင် တင်သွင်းထားတဲ့ အစားအသောက်၊ အလှကုန်၊ ဆေးဝါးများစွာကို စစ်ဆေးတွေ့ရှိခဲ့လို့သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ဆိုင်ကို မြန်မာနိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ထားတဲ့ ထိုင်းဆိုင်ပိုင်ရှင်က ဖွင့်လှစ်ထားတယ်လို့ ဖော်ပြထားပြီး မြန်မာပစ္စည်းတွေကို တရားမဝင် ရောင်းချမှုနဲ့ ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထားပြီး ခုန်ထလေးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သတင်းဖော်ပြထားပါတယ်။
Mar 04 • 7:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


