back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့မှာ တရားမဝင်ကုန်သွယ်မှုကနေ ကျပ်သိန်း ၆၀၀ ကျော်ဖမ်းဆီးရမိခဲ့

Mar 04 • 6:57 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့မှာ တရားမဝင်ကုန်သွယ်မှုကနေ ကျပ်သိန်း ၆၀၀ ကျော်ဖမ်းဆီးရမိခဲ့

ရှမ်းပြည်နယ်၊တာချီလိတ်မှာ တရားမဝင်ကုန်သွယ်မှုကနေ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၆၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆော...

ရှမ်းပြည်နယ်၊တာချီလိတ်မှာ တရားမဝင်ကုန်သွယ်မှုကနေ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၆၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ ကသိရပါတယ်။တာချီလိတ်မြို့နယ်၊ စွတ်ဆိုင်ကျေးရွာ တာချီလိတ်-ဝမ်ပုံကားလမ်းမပေါ်ရှိ ဦးလီဆောပိုင် ခြံဝင်းအတွင်း တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်တာမရှိတဲ့ လုပ်ငန်းသုံး ပစ္စည်း တစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၀၀၀,၀၀၀ နဲ့ တာချီလိတ်မြို့နယ် တော်ကော့အပြင် ရပ်ရှိ မဝါဝါကျော်ပိုင် ခြံဝင်းအတွင်း တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်တာ မရှိတဲ့ စားသောက်ကုန်ပစ္စည်း နှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၆၀၀,၀၀၀ ၊စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၆၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ တာဝန်ကျပူးပေါင်းအဖွဲ့ တွေ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တာမှာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်တာမရှိတဲ့ လုပ်ငန်းသုံး ပစ္စည်း ၊စားသောက်ကုန်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။





news-view-count-icon

16