မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်ရေးကို ရည်ရွယ်၍ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂၃) သန်းနှင့် ထိုင်းဘတ်သန်း (၁၅၀) ကို ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်ဖေဖော်ဝါရီလအတွင်း ဒေါ်လာ (၁၇၈) သန်းကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) ထုတ်ရောင်းခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံထုတ်ရောင်းခြင်းဖြစ်သည်။ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် လက်ရှိတွင် တစ်ဒေါ်လာလျှင် (၄,၄၅၀) ကျပ်၊ တစ်ဘတ်လျှင် (၁၂၉) ကျပ်နှင့် တစ်ယွမ်လျှင် (၆၁၀) ကျပ် ဈေးနှုန်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။



