back

မြန်မာနိုင်ငံပြည်တွင်းမှ နေရပ်စွန့်ခွာခဲ့ရသူ ၆ သိန်းကျော်ကို UNHCR က အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့

Mar 04 • 5:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံပြည်တွင်းမှ နေရပ်စွန့်ခွာခဲ့ရသူ ၆ သိန်းကျော်ကို UNHCR က အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီUNHCR က လတ်တလောမှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့က နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို စောင်အပါအဝင် အထောက်အကူပြုတဲ့ အသက်ကယ်ပစ္စည်း...

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ

UNHCR က လတ်တလောမှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့က နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို စောင်အပါအဝင် အထောက်အကူပြုတဲ့ အသက်ကယ်ပစ္စည်းတွေကို ထောက်ပံ့ပေးနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ နေရပ်စွန့်ခွာရသူ ၆,၀၄၀,၀၀၀ ကို အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ သူတို့အတွက် အထောက်အကူဖြစ်စေမယ့် ထမင်းအိုး ၊ ဒယ်အိုးတွေပါတဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ဆက် ၊ ၂၅ မီတာရှည်တဲ့ ကြိုးတစ်ခွေ၊ ၅ မီတာရှည်တဲ့ တာပေါ်လင်တစ်ချပ် အမိုးအကာအဖြစ်သုံးဖို့ပေါ့။ နောက်ပြီး ဆေးစိမ်ခြင်ထောင် သုံးလုံး ၊ စောင်သုံးထည် ၊ jerrycan လို့.ခေါ်တဲ့ သောက်ရေငန်းပုံးအပျော့တစ်လုံး ၊ အမျိုးသမီးတွေအတွက် အတွင်းခံနဲ့ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ ၊ အပ်ချိတ်နဲ့ ရေပုံးတစ်ပုံးစီကို မိသားစုတစ်စုအတွက် ထောက်ပံ့ပေးပါတယ် " လို့ UNHCR က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။


news-view-count-icon

29