လိုင်ယွန်အသင်းနည်းပြ ဖွန်ဆီကာဟာ ကွင်းလယ်ဒိုင်လူကြီးကို မျက်နှာချင်းဆိုင် ဒေါသပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားပြင်းထန်တဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဘရက်စ် အသင်းကို အနိုင်ရတဲ့ပွဲရဲ့ ပွဲပြီးကာနီးမှာ ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာဟာ ကွင်းလယ်ဒိုင်ကို ဒေါသပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ မျက်နှာတည့်တည့်ကိုကြည့်ပြီး အော်ဟစ် ပေါက်ကွဲခဲ့တဲ့ နည်းပြဖွန်ဆီကာကို လိုင်ယွန်အသင်းသားတွေကတောင် ပြန်ထိန်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။အခုချိန်မှာ ဒီဖြစ်ရပ် ကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က စစ်ဆေးမှုတွေ ပြုလုပ်နေသလို ကွင်းလယ်ဒိုင် မီလော့ရဲ့ အစီရင်ခံစာကိုလည်း စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။



