back

ဂေါ်ဒွန့်၏ အနီကတ်ပြစ်ဒဏ်ကိုအယူခံဝင်ရန် နယူးကာဆယ် စဉ်းစား

Mar 03 • 3:09 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂေါ်ဒွန့်၏ အနီကတ်ပြစ်ဒဏ်ကိုအယူခံဝင်ရန် နယူးကာဆယ် စဉ်းစား

နယူးကာဆယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ တောင်ပံကစားသမား ဂေါ်ဒွန်ရဲ့ အနီကတ်ကို အယူခံဝင်ဖို့ စဉ်းစားနေပါတယ်။ ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကီရဲ့ခေါင်းကို...

နယူးကာဆယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ တောင်ပံကစားသမား ဂေါ်ဒွန်ရဲ့ အနီကတ်ကို အယူခံဝင်ဖို့ စဉ်းစားနေပါတယ်။ ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကီရဲ့ခေါင်းကို နောက်ကနေ လက်နဲ့တွန်းခဲ့တာ ကြောင့် ဂေါ်ဒွန်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အခုအနီကတ်ပြစ်ဒဏ်ကြောင့် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းရဲ့ လာမယ့်ပွဲစဉ် ၃ ပွဲကို လွဲချော်ရဖို့ ရှိနေပြီး ဒီပွဲတွေထဲမှာ လီဗာပူးအသင်းနဲ့ ကစားရမယ့် လိဂ်ဖလား ဗိုလ်လုပွဲလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဂေါ်ဒွန်ရဲ့ဖြစ်ရပ်ကို သေချာလေ့လာကြည့်ရှုနေပြီး အယူခံဝင်သင့်တယ်ထင်ရင် ချက်ခြင်း ကြိုးစားသွားမှာ ဖြစ်ပါတယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောကြားထားပါတယ်။


news-view-count-icon

17