လီဗာပူးလ်အသင်း နည်းပြဟောင်း ဘင်နီတက်ဇ်ဟာ နိုင်ငံရပ်ခြားက အလုပ်သစ်ကို ငြင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောခဲ့ပါတယ်။ ဘင်နီတက်ဇ်က “ဘိုတာဖိုဂိုနဲ့ သဘောတူညီမှု ရရှိဖို့ အလွန်နီးစပ်ခဲ့ပါတယ်။ ပိုင်ရှင်၊ ဘောလုံးဒါရိုက်တာနဲ့ စကားပြောရတာလည်း အလွန်ကောင်းပါတယ်။ သူတို့က အလွန်ရည်မှန်းချက်ကြီးတာကြောင့် ကျနော့်ကို အထင်ကြီး စေခဲ့ပေမယ့်လည်း ဝေးကွာခဲ့ပါတယ်။ ကျနော်ဟာ ဒီနှစ်ထဲမှာ ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ ပါတယ်။ ဒါပေမယ့် ကျနော်နှစ်သက်တဲ့ ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ အမြဲတမ်း စောင့်ဆိုင်းနေခဲ့ပါတယ်။ မှန်ကန်တဲ့ အခွင့်အရေး မကြာခင် ရောက်လာဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။



