ယူကရိန်းငြိမ်းချမ်းရေးစီမံကိန်းကို ရှေ့ဆက် ချီတက်နိုင်ရန်အတွက် ကနေဒါဝန်ကြီးချုပ်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်အများစုသည် လန်ဒန်၌တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဗြိတိန်ဝန်ကြီးချုပ် ကဲစတာမာက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆိုပါထိပ်သီးဆွေးနွေးပွဲ၌ ယူကရိန်းသို့စစ်ရေးအရပံ့ပိုးခြင်းနှင့် ရုရှားအပေါ် စီးပွားရေးဖိအားများတိုးမြှင့်ခြင်းဖြင့် ယူကရိန်းကို ကူညီရန် အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။



