back

ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ခံခဲ့ရတဲ့ အိမ်ရာများ ပြန်လည်တည်ဆောက်ဖို့ အလုပ်သမားရှားပါးမှုနဲ့ ကြုံတွေ့

Mar 03 • 2:56 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ခံခဲ့ရတဲ့ အိမ်ရာများ ပြန်လည်တည်ဆောက်ဖို့ အလုပ်သမားရှားပါးမှုနဲ့ ကြုံတွေ့

ဂျပန်နိုင်ငံအလယ်ပိုင်း၊ ငလျင်ဒဏ်ခံရတဲ့ Ishikawa ခရိုင်က အိမ်ရာပြန်လည်တည်ဆောက်ရေး ကြိုးပမ်းရာမှာ ဒေသခံဆောက်လုပ်လုပ်ငန်းတွေဟာ လုပ်သားရှားပါးမှု အခက်အခဲနဲ့ ကြုံနေရ...

ဂျပန်နိုင်ငံအလယ်ပိုင်း၊ ငလျင်ဒဏ်ခံရတဲ့ Ishikawa ခရိုင်က အိမ်ရာပြန်လည်တည်ဆောက်ရေး ကြိုးပမ်းရာမှာ ဒေသခံဆောက်လုပ်လုပ်ငန်းတွေဟာ လုပ်သားရှားပါးမှု အခက်အခဲနဲ့ ကြုံနေရပါတယ်။ ၂၀၂၄ခုနှစ် နှစ်သစ်ကူးနေ့က Ishikawa ခရိုင်နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ အင်အားပြင်း မြေငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ Ishikawa ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အထိ ငလျင်ဒဏ်ကြောင့် ခရိုင်အတွင်း အိမ်ခြေ ၁၁၅,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။


news-view-count-icon

28