ဂျပန်ရဲ့ အကြီးမားဆုံးမာရသွန်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၂၅ ခုနှစ် တိုကျိုမာရသွန်ပြိုင်ပွဲမှာ အားကစားသမား ၃၈,၀၀၀လောက်ဟာ တိုကျိုမြို့တော်ကိုဖြတ်ပြေးပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီမာရသွန်ပွဲမှာ ပြိုင်ပွဲဝင်ခွင့်မဲပေါက်တဲ့ ပြည်သူတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဂျပန်ပြည်တွင်းပြည်ပက အပြေးသမားအကျော်အမော်တွေကိုလည်း ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပြိုင်ပွဲကို တနင်္ဂနွေနေ့ မနက် ၉ နာရီလောက်မှာ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရုံး အဆောက်အအုံရှေ့ကနေ စတင်ခဲ့ပါတယ်။ ဒီမာရသွန်ပွဲရဲ့ လမ်းကြောင်းတစ်လျှောက် အပြေးသမားတွေဟာ တိုကျိုမြို့တော်ရဲ့ လူသိများကျော်ကြားတဲ့ Asakusa ၊ Ginza နဲ့ တခြားအထင်ကရနေရာတွေကို ဖြတ်သန်းပြီး နောက်ဆုံးမှာတော့ တိုကျိုဘူတာရုံရှေ့မှာ ပန်းဝင် ပြီးဆုံးခဲ့ကြပါတယ်။



