back

ဆိုယုဇ်ဒုံးပျံတစ်စင်း ကို အာကာသထဲသို့ ရုရှား လွှတ်တင်

Mar 03 • 2:57 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဆိုယုဇ်ဒုံးပျံတစ်စင်း ကို အာကာသထဲသို့ ရုရှား လွှတ်တင်

ရုရှားနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့၏ တစိတ်တပိုင်းဖြစ်သော ရုရှားအာကာသတပ်ဖွဲ့သည် ကာကွယ်ရေးဆိုင်ရာ အာကာသယာဉ်တစ်စီးပါဝင်သော ဆိုယုဇ်ဒုံးပျံတစ်စင်းကို အာကာသထဲသို့ လွှတ်တ...

ရုရှားနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့၏ တစိတ်တပိုင်းဖြစ်သော ရုရှားအာကာသတပ်ဖွဲ့သည် ကာကွယ်ရေးဆိုင်ရာ အာကာသယာဉ်တစ်စီးပါဝင်သော ဆိုယုဇ်ဒုံးပျံတစ်စင်းကို အာကာသထဲသို့ လွှတ်တင်ခဲ့သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ အာအိုင်အေ သတင်းဌာနက တနင်္လာနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ရုရှား ဆိုယုဇ်ဒုံးပျံကို နိုင်ငံတကာ အာကာသစခန်းသို့ စက်ကိရိယာများ၊ အာကာသယာဉ်မှူးများ ပို့ဆောင်ခြင်းအပါအဝင် အာကာသမစ်ရှင်များအတွက် လိုအပ်သလို လွှတ်တင်ခဲ့သည်။ ဥရောပ အာကာသအေဂျင်စီ၏ အဆိုအရ ဆိုယုဇ် ဒုံးပျံများသည် လက်ရှိအထိဆိုလျှင် အာကာသလွှတ်တင်မှုပေါင်း ၁၇၀၀ နီးပါး ပြုလုပ်ထားပြီးဖြစ်သည်ဟု သိရသည်။


news-view-count-icon

21