ကချင်ပြည်နယ်၊ လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက်ဟာ မတ် ၁ ရက်နေ့က မီးရှို့၊ ရိုက်နှက်၊ လှီးဖြတ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါသည်။“သူတို့အိမ်နားက ကောင်လေးတယောက် ခေါ်သွားပြီး မီးရှို့၊ ရိုက်နှက်၊ ဓားနဲ့ လှီးထားတာတဲ့။ ဒဏ်ရာ တော်တော်ပြင်းထန်သွားတယ်။ ကလေးကို မီးရှို့၊ လှီးသတ်တဲ့ အဲဒီကောင်လေးက စိတ်မနှံ့ဘူးတဲ့။ တောထဲက ယာတဲမှာ” လို့ သိရပါသည်။



