မနေ့က ယူကရိန်းသမ္မတ ဇယ်လန်စကီးကို စတင်ရန်ရှာခဲ့တဲ့ ဒုသမ္မတ Vance ဟာ ယနေ့မှာ မိသားစုနဲ့အတူ Vermont ပြည်နယ်ကို အားလပ်ရက်အဖြစ် စကိတ်စီးဖို့ ခရီးထွက်ရာမှာ အမေရိကန်ပြည်သူတွေက လမ်းဘေးဝဲယာကနေ ယူကရိန်းအလံတွေ၊ ဆိုင်းဘုတ်တွေနဲ့အကြီးအကျယ်ဆန္ဒပြနေကြလို့ Resort ထဲကို မောင်းသွားခဲ့ရပါတယ်။ အမေရိကန်ပြည်သူတွေက Resort ကိုပါ လိုက်လာပြီး ဝိုင်းပိတ်ဆန္ဒပြနေကြလို့ အခုတော့ ဒုသမ္မတနဲ့ မိသားစုကို ဘေးလွတ်ရာ နေရာတခုကို ကယ်ထုတ်သွားရပြီလို့ သိရပါတယ်။ ကိုယ့်ပြည်တွင်းမှာ ပြန်ပုန်းပြီး ထွက်ပြေးနေရတဲ့ ပထမဆုံးဒုသမ္မတဖြစ်လာပါတယ်။



