back

မြန်မာနိုင်ငံအတွင်းသို့တရားမဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား၁၄၁ဦးကိုယနေ့ထပ်မံထိန်းသိမ်းခဲ့

Mar 02 • 3:17 PM

breaking-news

မြန်မာ

ကရင်

cover

မြန်မာနိုင်ငံအတွင်းသို့တရားမဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား၁၄၁ဦးကိုယနေ့ထပ်မံထိန်းသိမ်းခဲ့

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတ...


ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေ ကုက္ကိုလ်၊ မယ်ထော်သလေး နှင့် KK Park နယ်မြေများတွင် Online လောင်းကစားမှုများ၊ Online လိမ်လည် မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပ နိုင်ငံသား ၁၄၁ ဦးကို ယနေ့ မတ်လ ၂ ရက်တွင်ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ အမြန်ဆုံး ပြန် လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အ လက် များနှင့် မှတ်တမ်းများကို စနစ်တကျ စာရင်း ကောက်ယူ ခြင်းလုပ်ငန်းကိုနေ့ချင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 




news-view-count-icon

17