အစ္စရေးနိုင်ငံအတွက် အမေရိကန်က ဒေါ်လာသန်း ၄ ထောင်ဖိုး စစ်ရေးအကူအညီ အမြန်ပေးအပ်မယ့် အစီအစဉ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောလိုက်ပါသည်။ဂါဇာဒေသမှာ ဟားမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး အတိမ်းအစောင်းမခံနိုင် ဖြစ်နေတဲ့ အချိန်မှာပဲ အရှေ့အလယ်ပိုင်းဒေက အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အစ္စရေးကို စစ်လက်နက်တွေ အမြန်ပေးပို့နိုင်ဖို့ အရေးပေါ်လုပ်ပိုင်ခွင့် အာဏာသုံးခဲ့ကြောင်းလည်း ဝန်ကြီး Rubio မနေ့ကပဲ ပြောလိုက်ပါသည်။



