မွန်ပြည်နယ်မှလွဲ၍ ကျန် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မတ် ၁ ရက်မှ ၈ ရက်အတွင်း မတ်လ၏ ပုံမှန်ထက်နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။အဆိုပါ မတ် ၁ ရက်မှ မတ် ၈ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက် (၅)ဒီဂရီဆဲလ်စီးယပ်ခန့်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း (အရှေ့ပိုင်း)နှင့် ကချင်ပြည်နယ်(အောက်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက် (၆)ဒီဂရီဆဲလ်စီးယပ်ခန့်မြင့်တက်လာနိုင်ကြောင်း သိရသည်။



