အဆုပ်ရောင်ရောဂါကြောင့် ၁၇ ရက်ကြာ ဆေးကုသမှု ခံယူနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျန်းမာရေး မကောင်းတဲ့ကြားမှာပဲ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးလိုက်ကြောင်း သိရပါသည်။"ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်၊ မြန်မာ၊ ဆူဒန်နဲ့ ကီဗူး တို့အတွက် ဆုတောင်းပေးကြပါစို့။" လို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်းမေတ္တာပို့တဲ့စာကို ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ ထုတ်ပြန်လိုက်တာပါ။ ကျန်းမာရေးကောင်းဖို့ အားပေးဆုတောင်းကြသူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောပါသည်။



