back

ရမ်ဇာန်ဥပုသ်လတစ်လျှောက်လုံး ပါလက်စတိုင်းတွေ Al-Aqsa ဗလီမှာ နေထိုင်ရန် ဟားမတ်စ်တိုက်တွန်း

Mar 02 • 1:56 PM

breaking-news

မြန်မာ

ပြည်ပ

cover

ရမ်ဇာန်ဥပုသ်လတစ်လျှောက်လုံး ပါလက်စတိုင်းတွေ Al-Aqsa ဗလီမှာ နေထိုင်ရန် ဟားမတ်စ်တိုက်တွန်း

 ပါလက်စတိုင်းတို့အား ရမ်ဇာန်ဥပုသ်လတစ်လျှောက်လုံးတွင် Al-Aqsa ဗလီသို့လာရောက် လည်ပတ်ရန်နှင့် ယခုလအတွင်း ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကျင်းပရန် ထိုနေရာတွင်နေရန်...


 ပါလက်စတိုင်းတို့အား ရမ်ဇာန်ဥပုသ်လတစ်လျှောက်လုံးတွင် Al-Aqsa ဗလီသို့လာရောက် လည်ပတ်ရန်နှင့် ယခုလအတွင်း ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကျင်းပရန် ထိုနေရာတွင်နေရန် တိုက်တွန်းကြောင်း ဟားမတ်စ်တာဝန်ရှိသူ အဗ္ဗဒူလ်ရာမတ်ရှာဒစ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ပါလက်စတိုင်းသားများသည် အစ္စရေးအစိုးရ၏ ကန့်သတ်ချက်များကို လက်မခံသင့်ကြောင်းနှင့် ဤဗလီဝတ်ကျောင်းတော်နှင့် ပတ်သက်၍ ၎င်းတို့၏ သမိုင်းဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အခွင့်အရေးများကို အခိုင်အမာ တောင်းဆိုရမည်ဖြစ်ကြောင်း ပါလက်စတိုင်း Shehab သတင်းဌာနက ဖော်ပြသည်။အစ္စရေးအစိုးရသည် ရမ်ဇာန်လအတွင်း၌ပင် ပါလက်စတိုင်းများ၏ ဗလီသို့ဝင်ရောက်ခွင့်ကို ကန့်သတ် ပိတ်ပင်ထားခဲ့သည့် သမိုင်းကြောင်းရှည်ရှိကာ အဖိနှိပ်ခံသူများ၏ ခုခံမှုကို ရင်ဆိုင်ခဲ့ရသည်။



news-view-count-icon

36