Han Ga In က တစ်နှစ်အတွင်း ကိုယ်ဝန် ၃ ခါရခဲ့ပေမဲ့ ၃ ခါလုံး ပျက်ကျခဲ့ဖူးပါတယ်။ မင်းသား Yeon Jung Hoon နဲ့ လက်ထပ်ပြီးနောက် ကြင်ဦးစမှာ ၃ ခါတောင် ကိုယ်ဝန်ပျက်ကျခဲ့ပေမဲ့ ချစ်တတ်တဲ့ယောက်ျားရဲ့ စကားလေးတွေက နွေးထွေးစရာကောင်းကြောင်း You Quiz on the Block မှာ ဖွင့်ဟခဲ့ပါသည်။ဒီလိုနဲ့ Han Ga In တို့ဟာ ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖွားခဲ့ပြီး လက်ရှိမှာ ကလေး ၂ ယောက်ရဲ့ မိဘတွေဖြစ်နေကြပါပြီ။။ ကလေးတွေကို တန်ဖိုးထားတာကြောင့် ကလေးတွေရှေ့မှာ ဘယ်တော့မှ စကားများရန်ဖြစ်တာမျိုးမလုပ်ပါဘူးတဲ့။ ကလေးတွေရှေ့မှာ စကားများရန်ဖြစ်တာမျိုးက စိတ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိနိုင်တာကို သေချာနားလည်တာကြောင့် သားသမီးတွေရှိနေရင် သူ့ယောက်ျားကို အမြင်မကြည်တာမျိုး၊ မျက်စောင်းထိုးကြည့်တာမျိုးတောင် မလုပ်ဘူးလို့ ဆိုပါသည်။



