ဂျာမနီနိုင်ငံအနေဖြင့် ယခုနှစ်တွင်လည်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးက ထုတ်ပြန် ကြေညာထားသည်။မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲအစည်းများနှင့် ကုလသမဂ္ဂ ရန်ပုံငွေများအတွက် ၂၀၂၄ ခုနှစ်တွင် ဂျာမနီကအမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တိုက်ရိုက်ထည့်ဝင်ခဲ့ပြီး ၎င်းတို့အနက် အမေရိကန်ဒေါ်လာ ၇ သန်းကို မြန်မာ လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ (MHF) သို ပေးအပ်ခဲ့ကြောင်း၊ထို့ကြောင့် ဂျာမနီအနေဖြင့် ဆွီဒင်နိုင်ငံနှင့်အတူ ၂၀၂၄ ခုနှစ်တွင် MHF အတွက် ပံ့ပိုးပေးသည့် ဒုတိယအကြီးဆုံးထည့်ဝင်လာသူ ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံသို့လည်း ၂၀၂၅ခုနှစ်တွင် ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း သိရသည်။



