ရန်ကုန်မြို့အတွင်းရှိ စည်ပင်သာယာရေးကော်မတီပိုင် Public Toilet ၂၅ လုံးကို လာမည်ဘ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် အငှါးချလုပ်ငန်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ပြီးတင်ဒါလျှောက်လွှာများကို မတ်လ ၃ ရက်မှမတ်လ ၇ ရက်အထိဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (၁၂)ထပ်ခွဲရုံး၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၌ ဝယ်ယူနိုင်ကြောင်း သိရသည်။ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည့် Public Toilet ၂၅ လုံးမှာ ကြည့်မြင်တိုင်နှင့် လသာမြို့နယ်တို့၌ ၃ လုံးစီ၊ အင်းစိန် ၊ ဗိုလ်တထောင်၊ လှိုင်သာယာ အရှေ့ပိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့၌၂ လုံးစီနှင့် မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ကမာရွတ်၊ ကျောက်တံတား၊ အလုံ၊ ဒေါပုံ၊ သာကေတနှင့် ဒလ မြို့နယ်တို့ရှိ သန့်စင်ခန်း ၁ လုံးစီတို့ ဖြစ်ကြောင်း သိရသည်။



