back

ဘိုလီးဗီးယားတွင် ဘတ်စ်ကားနှစ်စီး တိုက်မိပြီး လူ ၃၇ ဦးထက်မနည်း သေဆုံး

Mar 02 • 10:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘိုလီးဗီးယားတွင် ဘတ်စ်ကားနှစ်စီး တိုက်မိပြီး လူ ၃၇ ဦးထက်မနည်း သေဆုံး

ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်းရှိ အဝေးပြေးလမ်းမပေါ်တွင် မတ် ၁ ရက်က ခရီးသည်တင်ဘတ်စ်ကားနှစ်စီး တိုက်မိပြီး လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ...


ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်းရှိ အဝေးပြေးလမ်းမပေါ်တွင် မတ် ၁ ရက်က ခရီးသည်တင်ဘတ်စ်ကားနှစ်စီး တိုက်မိပြီး လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ဒဏ်ရာရရှိသူ ၄၁ ဦးရှိပြီး ၎င်းတို့ကို ဆေးရုံများဆီ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။သေဆုံးသူများထဲတွင် နိုင်ငံခြားသား ခြောက်ဦးပါဝင်ပြီး ငါးဦးမှာ ပီရူးနိုင်ငံသားများဖြစ်ကာ တစ်ဦးမှာ အသက် သုံးနှစ်အရွယ် ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်သည်။ သေဆုံးသူများထဲတွင် နောက်ထပ် အရွယ်မရောက်သေးသူ ခုနစ်ဦးလည်း ပါဝင်သည်။



news-view-count-icon

21