back

မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းရှင်များ လုပ်သားရှားပါးမှုနှင့် ကုန်ကျစရိတ်မြင့်တက်မှုကြောင့် အခက်ကြုံ

Mar 02 • 9:07 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းရှင်များ လုပ်သားရှားပါးမှုနှင့် ကုန်ကျစရိတ်မြင့်တက်မှုကြောင့် အခက်ကြုံ

၂၀၂၅ ခုနှစ် နေလှန်းဆားရာသီတွင် လုပ်သားရှားပါးမှုနှင့် ကုန်ကျစရိတ်မြင့်တက်မှုကြောင့် မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံနေရကြောင်း သိရသည်။ဒီဇယ်ဆီ ...

၂၀၂၅ ခုနှစ် နေလှန်းဆားရာသီတွင် လုပ်သားရှားပါးမှုနှင့် ကုန်ကျစရိတ်မြင့်တက်မှုကြောင့် မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံနေရကြောင်း သိရသည်။ဒီဇယ်ဆီ ရှားပါးမှုကြောင့် ရေစုပ်စက်များ မလုံလောက်စွာ မောင်းနှင်နိုင်ခြင်း၊ လုပ်သားဈေးနှုန်း မြင့်တက်ခြင်း၊ ဆားဈေးကျဆင်းခြင်း စသည့် ပြဿနာများကြောင့် အချို့လုပ်ငန်းရှင်များ ရပ်နားသွားရန် အခြေအနေရောက်ရှိနေကြောင်း သိရသည်။မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ ပေါင်နှင့် ရေးမြို့နယ်များသည် နေလှန်းဆားထုတ်လုပ်မှု အဓိကဒေသများဖြစ်ပြီး နှစ်စဉ် မက်ထရစ်တန်ချိန် ၄၀,၀၀၀ ကျော် ထွက်ရှိလေ့ရှိသည်။


news-view-count-icon

17