ဒေသခံတောင်သူများနှင့်ပြည်သူများသည် ရှေးယခင်ကာလများက မိသားစုကျန်းမားရေးနှင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးခြင်းနှင့် အောင်မြင်ဖြစ်ထွန်းခြင်း မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလတို့တွင် မိုးရွာသွန်းမှုတို့အတွက် ပုန်းမကြီးအရှင်မကစောင့်ရှောက်အသိပေးသည်ဟု အယူအဆများဖြင့် နှစ်စဉ်တပေါင်းလဆန်း (၃)ရက်နေ့တွင် ဒေသခံပြည်သူများနှင့် တောင်သူတို့၏နေအိမ်နှင့်စိုက်ပျိုးမြေများတွင် တင်မြှောက်ကြကြောင်း၊ ရှေးယခင်ကာလ လက်ဆင့်ကမ်းအသိပညာအနေဖြင့် တပေါင်းလဆန်း (၁) ရက်နေ့ မိုးဦး၊ တပေါင်းလဆန်း (၂) ရက်နေ့ မိုးလယ်၊ တပေါင်းလဆန်း (၃) ရက်နေ့ မိုးနှောင်း မိုးရွာသွန်းမှုကို လေတိုက်ခတ်မှုအပေါ်မူတည်၍ ရာသီဥတုခန့်မှန်း၍ မိုးမျှော်စိုက်ပျိုးဆောင်ရွက်ခဲ့ကြရကြောင်း သိရသည်။



