ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် Public Toilet (၂၅) လုံးကို အငှားချလုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အများသုံးအိမ်သာများကို ကြည့်မြင်တိုင်နှင့် လသာမြို့နယ်များတွင် သုံးလုံးစီ၊ အင်းစိန်၊ ဗိုလ်တထောင်၊ လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် နှစ်လုံးစီ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ကမာရွတ်၊ ကျောက်တံတား၊ အလုံ၊ ဒေါပုံ၊ သာကေတနှင့် ဒလမြို့နယ်တို့တွင် တစ်လုံးစီဖြင့် စုစုပေါင်း ၂၅ လုံးကို အငှားချသွားမည်။



