back

မြန်မာနိုင်ငံတွင် မတ်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

Mar 02 • 6:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် မတ်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

မတ်လအတွက် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ဆန်ကြမ်းနှင့် ပြည်တွင်းစားဆန်တချို့ ဈေးနှုန်းထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။ ဆန်ကြမ်းအုပ်စုများ...

မတ်လအတွက် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ဆန်ကြမ်းနှင့် ပြည်တွင်းစားဆန်တချို့ ဈေးနှုန်းထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။ ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) အတွက် ၂၅ မှတ်ဆန် တစ်အိတ် ၆၈,၀၀၀ ကျပ်၊ ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ၇၅,၀၀၀ ကျပ်၊ ၁၅ မှတ်ဆန် တစ်အိတ် ၇၃,၀၀၀ ကျပ်၊ ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ၇၈,၀၀၀ ကျပ်၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ၇၅,၀၀၀ ကျပ်၊ ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ၈၀,၀၀၀ ကျပ် သတ်မှတ်ထားသည်။ ပြည်တွင်းစားဆန်အမျိုးအစားများကိုလည်း တစ်အိတ် ၉၄,၀၀၀ ကျပ်နှင့် ၉၉,၀၀၀ ကျပ် သတ်မှတ်ထားပြီး ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစားနှင့် စားသုံးမှုအထူးကောင်းမွန်သည့် ဆန်အမျိုးအစားများကို ယခင်အတိုင်း သတ်မှတ်ထားသည်။ ရွှေဘိုပေါ်ဆန်းဆန်အဟောင်းများ၊ ရွှေပေါ်ဆန်းအသစ်များ၊ အခြားပေါ်ဆန်းဆန်အုပ်စုဝင် (ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ) ဆန်ဟောင်းများ၊ တောင်ပျံ/ဘေးကြားဆန်အဟောင်းများကိုလည်း ယခင်ဈေးအတိုင်း သတ်မှတ်ထားသည်။ ဈေးအရောင်းစင်တာများတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားရာ ဈေးကွက်အတွင်း ရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။


news-view-count-icon

22