ဧရာဝတီတိုင်းရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများသို့ ခရီးသွားအဝင်နည်းခြင်းကြောင့် ပုသိမ်ဒေသထွက် ဟာလဝါ ရောင်းအားကျဆင်းသွားကြောင်း ဒေသခံလက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။ ယခင်က ပွင့်လင်းရာသီတွင် ခရီးသွားများက ဟာလဝါအပါအဝင် ဒေသထွက်စားသောက်ကုန်များကို လက်ဆောင်အဖြစ် ဝယ်ယူကြသော်လည်း ယခုနှစ်တွင် ခရီးသွားအဝင်နည်းသောကြောင့် ရောင်းအားကျဆင်းသွားကြောင်း၊ ရောင်းအားပြန်လည်ကောင်းမွန်ရန် အွန်လိုင်းဈေးကွက်ကို အားပြု၍ ရန်ကုန်အပါအဝင် မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိပြီး အစိုထက် အခြောက်ကို မှာယူမှုပိုများကြောင်း သိရသည်။



