ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည် ဖြစ်ပါတယ်။လက်ရှိတွင် ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံ (Red Carpet Cinema) အဖြစ်ထားရှိနိုင်ရန် လိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိနေပြီးပြင်ဆင်ထိန်းသိမ်းပြီးပါက ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့်နေ ရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာနိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့်ပတ်သက်သည့်အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များ ကျင်းပခြင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ရှေးဟောင်းအမွေအနှစ်ပြတိုက်တစ်ခုအဖြစ် လည်ပတ်ရန် နေရာတစ်ခုအဖြစ် ဖန်တီးခြင်း၊ စနေ၊ တနင်္ဂနွေနေ့များတွင် ရှေးဟောင်းဇာတ်ကားများ ပြသသွားမည်ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်
Mar 02 • 6:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


