back

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ပေါ် အချို့ရပ်ကွက်များအတွင်းတွင် ရေရှားပါးမှုပြဿနာကြုံတွေ့နေရ

Mar 02 • 6:04 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ပေါ် အချို့ရပ်ကွက်များအတွင်းတွင် ရေရှားပါးမှုပြဿနာကြုံတွေ့နေရ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်၊ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်ရှိ ဂျပန်မှလှူဒါန်းထားသည့် ရေကိုအားကိုးနေရသည့...

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်၊ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်ရှိ ဂျပန်မှလှူဒါန်းထားသည့် ရေကိုအားကိုးနေရသည့်သူများ ရေမရရှိခြင်းကြောင့်အခက်အခဲကြုံနေရပါတယ်။ဆီဆိုင်မြို့ပေါ်ရပ်ကွက်အချို့တွင်းတွင် ယခင်ကဂျပန်မှကူညီသည့်ရေဖြင့် ရပ်တည်နိုင်ကြသော်လည်း လက်ရှိတွင် ရေမလာခြင်းများကြောင့် အခက်အခဲကြုံတွေ့ နေရကြောင်း ဒေသခံထံက သိရပါတယ်။ရေအဓိကရှားပါးသည့်ရပ်ကွက်သည် ဟိုခဲရပ်ကွက်၊ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့ဖြစ်ပြီးယခင်ကဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု၊ နောင်ကျောအုပ်စုတွင် ရေရှားပါးမှုရှိပြီး အခက်အခဲကြုံတွေ့နေရသော်လည်း လက်ရှိတွင် ဆီဆိုင်မြို့ပေါ်၌လည်း ရေပုံမှန်မလာခြင်း ရေအခက်အခဲများကြုံတွေ့နေရခြင်းများ ရှိနေပါတယ်။



news-view-count-icon

23